သီချင်းစတီးမယ်ဆိုတော့
သီချင်းတီးစတီးမယ်ဆိုရင် ပုံမှန်ကျွန်တော်တို့လုပ်ဖြစ်တာလေးတွေက ပထမဆုံး သံစဉ် ၊ စာသား ရှိတယ်ဆိုပါဆို့ ကျွန်တော်တို့က အဲ့ဒီသီချင်းကိုဆိုမယ့် အဆိုတော်နဲ့ key ချိန်ပါတယ်ဗျ ဥပမာ သီချင်းမှာပါတဲ့ high notes တွေကို ဆိုနိုင်လား ၊ low notes တွေဆိုတဲ့ အခါကြည်ကြည် လင်လင် စာသားပေါ် အောင်ဆိုနိုင်လား ဆိုကြည့်ပြီး key ချိန်ပါတယ် နောက်သီချင်းရဲ့ Tempo (အနှေးအမြန်) ကိုချိန်ပါတယ် ဒါပြီးရင်တော့ arrangement လုပ်ပါတယ်